Annotation
အဖေကို သားကသတ်၍၊ အစ်ကို ညီကသတ်၍၊ ဦးရီးကို တူကသတ်၍၊ ထီးနန်းကိုယူနိုင်လျှင် ရခွင့်ရှိသည်ဟူသော ထီးမွေနန်းမွေဆက်ခံရေး သဘောတရားကို ကမ္ဘာပေါ်တွင် မည်သူက စတင်ဖန်တီးခဲ့သည်ဟု ကျွန်တော် မသိပါ။ သို့ရာတွင် ထိုသဘောတရားကို နှစ်သက်လက်ခံခြင်းသည် ခေတ်ဆန်သည်၊ တိုးတက်သည်ဟု ယူဆထားကြလေသလား မသိ။ တကောင်းပြည်တွင် ထိုသဘောတရား ရှိနေနှင့်လေသည်။