ဇီဝဇိုးစံအိမ်
Code
SKCC-405
ISBN
_
Title
ဇီဝဇိုးစံအိမ်
Author
Category
Novel
Price
3,000 MMK
Publisher
Sake Ku Cho Cho Sar Pay

Annotation

စာဖတ်သူအနေနှင့် ကျွန်မဆောင်းပါးများကို ဖတ်ရာတွင် ကြည်ကြည်လင်လင်ရော၊ ဝိုးတဝါးအမြင်ရော ခံစားရမည်ဖြစ်သည်။ ကျွန်မအနေနှင့်ကတော့ ဤဆောင်းပါးများကို ကြိုးပမ်းအားထုတ်ရာတွင် ဇီဝဇိုးငှက်ငယ်၏ အသိုက်အမြုံလုပ်သော ဝီရိယထက်တော့ မလျော့ပါ။ ဗွေအဏ္ဏဝါပြင်ကို ဇီဝဇိုးငှက် အစာရှာသလို ကျွန်မတက်နိုင်သလောက် ရှာဖွေစုဆောင်း၍ ရသမျှ ကျွန်မရင်မှ အန်ထုတ်ကာ စာဖတ်ပရိသတ်ကို ပေးလိုက်ပါသည်။ ငှက်သိုက်စားရသလို ပရိသတ်မှာ အားရှိစေချင်တာကတော့ ကျွန်မ၏ စေတနာပင်ဖြစ်သည်။ ကျွန်မနှင့်ရေးဖော်ရေးဖက် စာရေးဆရာများမှာလည်း ဤလိုအားထုတ်မှုနှင့် ဤလိုစေတနာရှိသည်ကို ကျွန်မယုံကြည်ပါသည်။ ကျွန်မတို့စုဆောင်းရသမျှ စာပေကို အန်ထုတ်ရင်း နှလုံးကွဲ၍ သေပွဲဝင်ရပါစေ။ စာဖတ်ပရိသတ်မှာ ကျွန်မတို့စာပေကြောင့် အင်အားရှိလျှင် ကြေနပ်ပါပြီ။ ဤစေတနာဖြင့်"ဇီဝဇိုးစံအိမ်" အမည်နှင့် ကျွန်မ၏ဆောင်းပါးပေါင်းချုပ်ကို စာဖတ်ပရိသတ်အား ပေးအပ်ပါသတည်း။

Keywords

Total View - 82

Related Books