Annotation
ဝတ္ထုလေးများသည် အချို့ပျောက်ဆုံးနေရာမှ ပြန်လည်ရှာဖွေတွေ့ရှိထားသော ဝတ္ထုလေးများဖြစ်သည်။ စိတ်ကြိုက်ဝတ္ထု၊ လက်ရွေးစဥ်ဝတ္ထုများ မဟုတ်၍ အပြစ်အနာအဆာမကင်းလှပါ။ တစ်ပိုဒ်ချင်းစီကို ရေးသောအချိန်နှင့် အသက်အရွယ်များကလည်း ကွာခြားမှုရှိနေပါသည်။ ထိုဝတ္ထုလေးများကို တစ်နေရာတည်းတွင်ဖတ်ရသည်မှာ ဟင်းစပ်မကောင်းသော ထမင်းဝိုင်းကြီးတွင် ထိုင်၍စားရသလို အစပ်အဟပ်မတည့်သဖြင့် ခံတွင်းလိုက်လိမ့်မည်မဟုတ်ဟု ယူဆမိပါသည်။