Annotation
မြန်မာအမျိုးသမီး စာဆိုတော်တို့ကား တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ဟံသာဝတီ၊ ကေတုမတီ မှသည် ကုန်းဘောင်ဆက်တည်းဟူသော အမရပူရ ရတနာပုံခေတ်တို့အထိ ရေပြည့်အိုးကဲ့သို့ တဖြိုးဖြိုးတက်လာခဲ့ပေသည်။ စီကုံးနှုန်းဖွဲ့သော စာပေလက်ရာတို့မှာ ယဥ်လည်းယဥ်၊ သန့်လည်းသန့်၊ ခံ့လည်းခံ့၊ ချောလည်း ချောကြပါပေသည်။ ဤသည် ပညာရှိ ကဝိအမော် အမျိုးသမီးစာဆိုတော်တို့ကား သက္ကရာဇစ် ၁၅၀ ခန့်က အိမ်ရှေ့မိဖုရား စောပြည့်ညိုမှစ၍ တွေ့ရသတည်း။