Annotation
ညက စာရေးစားပွဲမှာထိုင်လျက် ကျွန်တော် အိပ်ပျော်သွားသည်။ အိပ်ပျော်ရင်း အိပ်မက်တစ်ခုကို ကျွန်တော် မြင်မက်ခဲ့သည်။ ယင်းမှာ မြူးထူးခုန်ပေါက် ပြေးလွှားနေသော သစ်ကုလားအုတ်တစ်ကောင် ဖြစ်သည်။ သစ်ကုလားအုတ်ပေါက်ကလေးသည် စိမ်းညို့မည်းမှောင်သော ကွင်းပြင်ထဲ၌ ပြေးလွှားနေသည်။