Annotation
ကျွန်ုပ်ရေးသော "သူ" ဝတ္ထုသည် ယောကျ်ားများ စိတ်ဓာတ်မွန်မြတ်ဖို့ အထူးသွန်သင်သော ဝတ္ထုတစ်ခုဖြစ်၍ ဤဝတ္ထုမှာလည်း မိန်းမများ စိတ်အားမယုတ်လျော့ဖို့ ကိုယ့်အစွမ်းကို ကိုယ် ကျကျနနကြီးထုတ်ဖို့ အထူးလမ်းညွှန်ထားသော ဝတ္ထုတစ်ခုဖြစ်ရကား "သူမ" ဟု လိုက်၍အမည်တပ်ခြင်းကို ကျွန်ုပ် မကန့်ကွက်လိုသည့်အပြင် များစွာပင် သဘောကျ နှစ်ခြိုက်မိပေသေးသည်။