စစ် အချစ်နှင့်ထောင် ဟာ လူထုဦးလှရဲ့ သုံးနှစ်ကျော်ကြာ အကျဉ်းထောင်အတွေ့အကြုံများထဲက ပေါ်ထွက်လာတဲ့ သတ္တမမြောက် စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ ဒုတိယကမ္ဘာစစ်ထဲမှာ ကိုယ်တိုင်ပါဝင် တိုက်ခိုက်ခဲ့ပြီး စစ်ပြီးကာလ အကျဉ်းထောင်ဘဝကို ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ လူငယ်တစ်ယောက်ရဲ့ အတွေ့အကြုံကို ကာယကံရှင်ကိုယ်တိုင် ပြောကြားချက်အတိုင်း တင်ပြထားခြင်း ဖြစ်ပါတယ်။