Annotation
မြန်မာရှေးဘုရင်ခေတ် ဒင်္ဂါးတွေမှာ ဒေါင်းနဲ့ပန်းရှိတယ်လေ။ တကယ်တော့ ဒေါင်းရောပန်းရောပါမှ ဒင်္ဂါးဟာပြည့်စုံတာ မဟုတ်လား။ အဲဒီသဘောပါပဲ။ အားနည်းတဲ့လူတွေကို ဖေးကူးရတဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း 'ဒေါင်း' နဲ့တူတဲ့အတွေ့အကြုံရှိပြီး တည်ငြိမ်တဲ့ စိတ်ကောင်းစေတနာကောင်းရှိတဲ့ လူရွယ်လူကြီးပိုင်းတွေ ပါဖို့လိုသလို၊ 'ပန်း' နဲ့တူတဲ့ စိတ်အားထက်သန်ပြီး အပင်ပန်းခံနိုင်တဲ့ စိတ်ကောင်းစေတနာကောင်းရှိတဲ့ လူငယ်ပိုင်းတွေလည်း ပါဖို့လိုပါတယ်။