Annotation
အနက်ဆုံး ချောက်ကမ်းပါးထဲကိုဆင်းပြီး ကျွန်တော် ဒူးထောက်နိုင်ပါတယ်။ မိန်းမတစ်ယောက်ကို ဒူးထောက်တာ မဟုတ်ပါဘူး။ ဣန္ဒြေရှင် ဂုဏ်သိက္ခာရှင်ကို အဲဒီ ဣန္ဒြေဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ဒူးထောက်လိုက်ပါတယ်။ အဲဒါကြောင့် လက်ထပ်ပါလို့ ကျွန်တော် အသနားမခံချင်ပါဘူး။ ဒါပေမယ့် သူ ကျွန်တော့်ကို ဘာပြုလို့ တွေ့ဆုံနေသးတယ်ဆိုတာ စဥ်းစားမရဘူး။