Annotation
စာရေးသူအဖို့မှာကား အတော်ခက်သည့်နေရာတွင်မှ ငါးရိုးမျက်နေသော လူနာနှင့်တွေ့ရပြန်ချေပြီ။ သူ့ဘဝက ဆုပ်လည်းစူး၊ စားလည်းရူး ဘဝပေးပါပေတကား။ "အိမ်ထောင်ရေးဆိုတာက မလွယ်ဘူး သမီးရေ၊ သားကလေးကလည်း ရှိသေးတယ်လေ" ဟု ကျွန်မက ရှေ့ဆက်ဖြေရန် စဥ်းစားရင်း တစ်လုံးချင်းပြောလိုက်ပါသည်။