Annotation
"ချက်ကော့ရဲ့သေနတ်"ထဲမှာ ပုံသဏ္ဏာန်တစ်ခုမက တွေ့နိုင်ပါတယ်။ ဘဝမျိုးစုံ၊ အတွေးမျိုးစုံ၊ အရသာမျိုးစုံကိုလည်း တွေ့နိုင်ပါသည်။ ကျွန်တော်သည် ဝတ္ထုတို "ရွှေခေတ်"မှာ ဝတ္ထုတိုရေးသူ မဖြစ်ခဲ့ပါ။ သည်တော့ ကျွန်တော့ဝတ္ထုတိုတွေလည်း "ရွှေ" မဟုတ်ကြပါ။ မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ကလည်း ကျွန်တော့်ဝတ္ထုတိုများကို ဝတ္ထုတို "ဖြစ်" ရန်သာ လိုလားမျှော်လင့်သူ ဖြစ်ပါသည်။