Annotation
ကျွန်မရဲ့ပတ်ဝန်းကျင်မှာ တွေ့ထိခံစာနေရတဲ့ ရုပ်ဝတ္ထုအာရုံနဲ့ ကျွန်မမနောဝိညာဉ်နဲ့ သို့မဟုတ် အသည်းနှလုံးထိလိုက်တဲ့အခါ တွေ့လိုက်တဲ့အခါ ဝေဒနာပေါ်လာတာပါပဲ။ ဝေဒနာဆိုတာ ဝမ်းနည်းတာလည်း ဝေဒနာပဲ၊၊ ဝမ်းသာတာလည်း ဝေဒနာပဲ။ နာကျင်တာလည်း ဝေဒနာပဲ။ နှစ်သိမ့်တာလည်း ဝေဒနာပဲ။ အဲဒီအခါမှာ ကျွန်မအသည်းနှလုံးမှာ ခံစားရသလို တစ်ခါတည်း ကျွန်မစာဖတ်ပရိတ်သတ်ရဲ့ အသည်းနှလုံးကို ပုံပြီး သွန်ပြီး ပို့ပေးလိုက်တာပါပဲ။ ရိုးရိုးစကားပြောရလျှင် လျှပ်စစ်ဓာတ်မီးလိုပါပဲ။ ဓာတ်ဖိုနဲ့ ဓာတ်မ ဖျက်ကနဲတွေ့လိုက်ရင် မီးထပွင့်တာပဲ။ ကျွန်မဝတ္ထုတွေကလည်း ကျွန်မအသည်းနှလုံးနဲ့ ပြင်ပအာရုံတွေနဲ့တွေ့တဲ့အခါ ပွင့်လာတဲ့ မီးပွင်းများပါပဲ။ အဲဒီပြင်ပအာရုံဆိုတဲ့ ပတ်ဝန်းကျင်ဟာ ယနေ့ပြည်သူလူထုတွေ ကြုံတွေ့နေတဲ့ ပတ်ဝန်းကျင်နဲ့ ထပ်တူထပ်မျှပါပဲ။ ဒါကြောင့် သူတို့အသည်းနှလုံး ခံစားမှုနဲ့ ကျွန်မအသည်းနှလုံးခံစားမှုဟာ ထပ်ထူထပ်မျှကျသွားတဲ့အတွက် သူတို့ဟာ ကျွန်မကို ချစ်လာကြပြီး ကျွန်မာဟာလည်း သူတို့ရဲ့အချစ်တော် စာရေးဆရာတစ်ယောက်အဖြစ် စာရင်းပါဝင်လာခြင်းဖြစ်ပါတယ်။ ကျွန်မဟာ သူတို့နဲ့အတူရှိနေခြင်း ဖြစ်ပါတယ်။