ခန်းဆောင်နီထဲတွင် အိပ်မက်မက်ကြည့်ခြင်း
Code
HKLM-060
ISBN
9248480495478
Title
ခန်းဆောင်နီထဲတွင် အိပ်မက်မက်ကြည့်ခြင်း
Author
Category
Novel
Price
2,000 MMK
Publisher
Hnit Kalar Myar Sar Pay

Annotation

ဤဝတ္ထုကြီးသည် တရုတ်ဂန္ထဝင်တွင် အလွန်ထင်ရှားသည့် ဝတ္ထုကြီး ဖြစ်သည်။ တရုတ်ပြည် ချင်မင်းဆက် ကျန်းလုံးမင်း လက်ထက်ဖြစ်သော ၁၇၆၅ ခုနှစ်တွင် ပထမအကြိမ်ပေါ်ထွက်လာခဲ့ရာ လေးငါးနှစ်အတွင်း အလွန် လူကြိုက်များသည့် ဝတ္ထုကြီးဖြစ်လာသည်။ သို့ရာတွင် စာမူများမှာ လက်ရေးဖြင့်ကူး၍ ဖတ်ရသည့်စာမူများဖြစ်သဖြင့် ထိုဝတ္ထုကြီးတစ်ပုဒ်ကို ဖတ်ချင်လျှင် ငွေပေါင်းများစွာ အကုန်အကျခံနိုင်မှသာ ဖတ်ရသည်။ ထိုစဥ်က ဝတ္ထုကြီးမှာ အခန်း ၈၀ မျှသာရှိပြီး ရေးသူမှာ ထိုခေတ်တွင်ထင်ရှားသည့် တရုတ်စာရေးဆရာကြီး ဆောင်ဇူချင်းဖြစ်သည်။ ကျန်အခန်း ၄၀ ကို ကောက်ငို အမည်ရှိ စာရေးဆရာက ဆက်ရေးရာ စုစုပေါင်း အခန်း ၁၂၀ ရှိသည်။ ထိုဇာတ်လမ်းဖြစ်ပေါ်လာပုံကို ရေးပြရာတွင် စာရေးဆရာက ပုံပြင်ဆန်ဆန် အစချီထားသည်။

Keywords

Total View - 137

Related Books