Annotation
ကျွန်မ ယခုအချိန်အထိရေးခဲ့ဖူးသော ဝတ္ထုတိုနှင့် အက်ဆေးများတွင် ကျွန်မ၏အကြောင်း အနည်းငယ်ဖြစ်စေထည့်သွင်းကာ ရေးလေ့ရှိသည်။ ယခုစာအုပ်ထဲတွင်တော့ ကျွန်မ၏အကြောင်းနှင့် ကျွန်မနှင့်ပတ်သက်ရာ ပတ်သက်ကြောင်း လူပုဂ္ဂိုလ်၊ အကြောင်းခြင်းရာတို့အကြောင်းကိုသာ ထည့်သွင်းထားပါသည်။ တစ်နည်းဆိုရသော် ဖြစ်ရပ်မှန်စာအုပ်ဟု ဆိုနိုင်ပါသည်။ နေ့စဥ်မှတ်တမ်းကဲ့သို့ မှတ်တမ်းမျိုးဟုလည်း ခေါ်နိုင်ပါသည်။ မည်သို့ခေါ်ဆိုချင်သည်ကတော့ စာဖတ်သူ၏ အမြင်နှင့်ဆုံးဖြတ်ချက်သာ ဖြစ်ပါသည်။