Annotation
ရောက်လေရာ အသက်အရွယ်တိုင်းတွေမှာတော့ ကမ်းနဖူးလေးတွေမှာ ခဏ ခဏ ထိုင်ဖုန်းသည်။ ကံပေးသည့်ဘဝကိုဖြစ်အောင် ဆက်လျှောက်ရင်း ဆရာဝန်ဖြစ်လာတော့လည်း လျှောက်စရာရှိသည့်လမ်းကို ကုန်အောင်လျှောက်ဖြစ်သည်။ ချိုင့်တွေနှင့် ခလုတ် ကန်သင်းတွေနှင့် ရေလျှံနေသည့်နေရာတွေနှင့် ပပ်ကြားအက်သည့်နေရာတွေနှင့် အားလုံးကို ကျော်ဖြတ်ဖြစ်ခဲ့သည်။ လမ်းဆုံးတော့ ကမ်းနဖူးမှာ ထိုင်တွေးဖြစ်သည်။ ယခုတော့ နေညိုပြီ၊ နေညိုသံတေးတွေ ရိပ်သန်းစပြုလာသည် "နေညိုကမ်းနဖူး" မှာ ထိုင်တွေးဖြစ်သည်။