Annotation
မြန်မာနိုင်ငံ ကျရောက်ဖြတ်သန်းခဲ့သော ခေတ်တစ်ခေတ်၊ လူမှု ဝန်းကျင် အနေအထားတစ်ခုကို နောက်ခံထား၍ မိသားစုအရေး ရုန်းကန်လှုပ်ရှားရသူ အမျိုးသမီးငယ်တစ်ဦး၏ ဘဝနှင့် ခံစားမှု သရုပ်ဖော်ဝတ္ထုရှည်စာအုပ်တစ်အုပ် ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းအတွင်း ရပ်တည်ရှင်သန်နိုင်ရေး အားထုတ်ကြိုးပမ်းရင်း ဆုံးရှုံးလက်လွှတ်ခဲ့ရသော ချစ်မေတ္တာတရား၊ စာနာနားလည်မှုနှင့် ကိုယ်ကျင့်သိက္ခာပြဿနာတို့ကြားတွင် တဖြည်းဖြည်းနစ်မွန်းရှာရမည့်သူတစ်ဦး၏ ဇာတ်ကြောင်း။