Annotation
မြန်မာသစ်တို့၏လောကသည် စာတတ်လောကဖြစ်ရမည်ဟု အစိုးရကရည်ရွယ်နေပေသည်။ မွန်မြတ်ပါပေ့၊ ထို့ကြောင့် ပညာရေးကို တော်တော်ပင် အားပေးနေပေသည်။ ကျောင်းဆရာတစ်ယောက်သည်လည်း သူ့ကိုသူ စာပေပညာတတ်တစ်ယောက်ဟုယူဆ၍ အရက်သောက် ဖဲကစားနေသော လယ်သမားတစ်ယောက်ကို ရယ်သွမ်းပြုပေလိမ့်မည်။ သို့သော် ထိုကျောင်းဆရာသည် ကလေးများအားသင်ပေးရန် စာမှတပါး အခြားစာပေတို့ကို ဘတ်ရန်မသိ။ သူသည် သတင်းစာတစောင်မှ ဝယ်မဘတ်၊ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကိုမျှလည်း ဝယ်မဘတ်၊ စာကြည့်တိုက်မှလည်း အသင်းသားအဖြစ်နှင့် ဝင်ထားခြင်းမရှိဘဲ သတင်းစာမဂ္ဂဇင်းစာအုပ်များကို ငှားမဘတ်။ ထိုကျောင်းဆရာသည် စာတတ်လော၊ ထိုဆရာအားဖြင့် လောကတွင် ၎င်းနှင့်ဆိုင်ရာ တစိတ်တပိုင်းကို အကျိုးပြုနိုင်သတတ်လော၊ ထိုဆရာ၏ အရေးအကြီးဆုံးလုပ်ငန်းသည်ကား လခထုတ်ရန်နေ့ကို မျှော်လင့်နေခြင်းပင်ဖြစ်ပေသည်။ ထိုဆရာမျိုးများအားဖြင့် မြန်မာ့လောကအတွက် လူကောင်းပေါ်ပေါက်နိုင်ပါ့မလား။ အခြားလခစားများမှာလည်း ထိုနည်းလည်းကောင်း ဖြစ်နေခဲ့သော် . . .