ရေနံ့သာခင်ခင်ကြီး (စ+ဆုံး ပေါင်းချုပ်)
Code
SKCC-273
ISBN
_
Title
ရေနံ့သာခင်ခင်ကြီး (စ+ဆုံး ပေါင်းချုပ်)
Category
Novel
Price
10,000 MMK
Publisher
Sake Ku Cho Cho Sar Pay

Annotation

ယင်းအမည်နှင့်ပတ်သက်၍ စကားစပ်ဟပ် ပြောမိကြပြီဆိုလျှင် လူတို့၏စိတ်၌ ဆန်းကြယ်မှုကို ခံစားရမြဲဖြစ်သည်။ ယင်းအမည်ကိုထူးခြားသည်ဟု မှတ်ယူကြမြဲဖြစ်သည်။ ရေနံချောင်း၊ သို့မဟုတ် ရေနံ့သာမြို့သူဖြစ်ကြောင်း ယမင်းအမည်ကို ယူခဲ့လေသလား၊ ရန်ကုန်မြို့ပြည်လမ်းရှိ ရေနံ့သာဟု အမည်ပေးထားသော ခံ့ညားထည်ဝါလှသည့်အိမ်ကြီးတွင် နေထိုင်လေသောကြောင့် သည်အမည်ကို ယူခဲ့လေသလား စသည်ဖြင့် ခွဲခြားနားလည်နိုင်စွမ်းရှိသူပင် ခပ်ရှားရှားဖြစ်သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သူမ၏အမည်ကို "ဒေါ်ခင်ခင်ကြီး" ဟု ခေါ်ဆိုလျှင် ကြိုက်နှစ်သက်ဟန် ပြလေ့မရှိ။ အမည်ရှေ့မှ "ရေနံ့သာ" ဟူသောစာလုံးမပါလျှင် ငြူစူချင်သည်။ သူမကိုယ်၌ကလည်း လက်မှတ်ထိုးသောအခါတွင်ဖြစ်စေ၊ တစ်စုံတစ်ယောက်ထံစာရေးသားရာတွင် "ရေနံ့သာခင်ခင်ကြီး" ဟု သုံးနှုန်းတတ်မြဲဖြစ်သည်။

Keywords

Total View - 2491

Related Books