Annotation
စာရေးသူ၏ နှလုံးသားမှသည် စာဖတ်သူ နှလုံးသားသို့ရောက်အောင် ပို့ဆောင်နိုင်သော၊ စိတ်ထားကောင်းမြတ် နှလုံးလှသူများ တိုးပွားလာစေသော၊ အသိအမြင်များ တိုးတက်ဖွံ့ဖြိုးလာစေသော၊ ရသနှလုံးသားများဖြင့် လောကတစ်ခွင် အလှဆင်စေလိုသော ပုံပမာရသစာစုများဖြစ်ကြောင်း စာမြည်းအဖြစ် ရေးသားလိုက်သည်။ လူကြီးလူငယ်မရွေးဖတ်၍ မြတ်မည့် တစ်စုံတစ်ရာကျန်ခဲ့မည့် စာများဟုလည်း တင်စားဆိုလိုက်ရသည်။