Annotation
ပလေတရိုသည် မြည်းကလေး၏အမည်ဖြစ်သည်။ ဂျင်မနဲ့သည် သူ့ကို အဖော်ပြုလျက် မောဂါရွာတစ်ဝိုက်၌ လှည့်လည်သွားလာရင်း သူမြင်ခဲ့ ကြားခဲ့ ကြုံခဲ့သည်တို့ကို သူ့ခံစားမှုအသိဖြင့် ရေးဖွဲ့လေ့ ရှိသည်။ လူ့လောကတွင် မတ္တာထားထိုက်သည်ကို မေတ္တာထားတတ်အောင်၊ ကရုဏာထားထိုက်သည်ကို ကရုဏာထားတတ်အောင်၊ ရှုတ်ချထိုက်သည်ကို ရှုတ်ချတတ်ကြအောင်၊ အကောင်းအဆိုး အမှားအမှန်ကို ခွဲခြားတတ်ကြအောင် ရေးဖွဲ့တတ်သည် တွေ့နိုင်သည်။ ကဗျာ့သဘောပါအောင်၊ နှစ်သက်ဖွယ်ဖြစ်အောင်လည်း ရေးဖွဲ့တတ်သည်ကို တွေ့နိုင်သည်။