Annotation
ဤဝတ္ထုတွင် ဖခင် နောက်အိမ်ထောင်ပြုသွားသည့် မိသားစုတစ်စု၏ ယိမ်းယိုင်သွားသော ဘဝပြဿနာကို လည်းကောင်း၊ မိသားစု စီးပွားရေးအတွက် ဘဝအခက်အခဲများကို ရင်ဆိုင်ရုန်းကန်ရင်း နွံနစ်သွားရရှာသည့် မိန်းမသားငယ်တစ်ဦး၏ အဖြစ်သနစ်ကိုလည်းကောင်း တင်ပြထားသည်။ အကြောင်းကံမပေး၍ ရေတိမ်နစ်ရာတွင် ပတ်ဝန်းကျင်၏ ဝါးကူထိုးခြင်းကို ခံရရှာသော မျက်နှာမွဲ ဆင်းရဲသားမိန်းကလေးများမှာ ပိုပြီး နစ်နာတတ်ကြောင်း ရေးသားထားသည်။