Annotation
မန္တလေးဆိုတာ မြန်မာအများစုနေထိုင်ရာမြို့ ဖြစ်ခဲ့တယ်။ နောက်ဆုံး မင်းနေပြည်တော် ဖြစ်ခဲ့ဖူးတဲ့ မြို့ဖြစ်တယ်။ မြန်မာ့စရိုက်၊ မြန်မာ့အနုပညာ၊ မြန်မာ့ယဥ်ကျေးမှုသာမက မြန်မာ့နိုင်ငံရေးသမိုင်း ဖြတ်ပိုင်းတော်တော်များများရဲ့ ပုံရိပ်တွေ ထင်ဟပ်နေတဲ့မြို့ ဖြစ်တယ်။ ဒီပုံရိပ်တွေဟာ မန္တလေးရဲ့လမ်းတွေပေါ်မှာ ထင်ဟပ်နေတာပေါ့။ မန္တလေးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဥ်ကျေးမှုတွေကို မန္တလေးမှာရှိတဲ့ ရုပ်ဝတ္ထု အဆောက်အအုံကြီးတွေကတဆင့် သတိရကြ၊ အမှတ်ရကြရတာပါ။