Annotation
ဆရာဝန်တစ်ဦး၏ဘဝသည် ၎င်း၏ လူနာများကိုကျောခိုင်း၍ စည်းစိမ်ခံနေဖို့ မဟုတ်ချေ။ လူနာများ၏ အိတ်ကပ်ထဲမှ ရှိသမျှပိုက်ဆံများကို အနုနည်းနဲ့ အေးဓားပြတိုက်ကာ စည်းစိမ်ခံနေဖို့လည်း မဟုတ်ချေ။ နာကျင်ပင်ပန်းနေကြသော လူအပေါင်းတို့၏ သက်သာပျောက်ကင်းမှုအတွက် လုပ်ဆောင်ပေးရင်း လူသားတို့၏ မေတ္တာနှင့် စေတနာတို့ကို ခံယူဖို့သာဖြစ်ပေသည်။