Annotation
ဒီစာအုပ်မှာ ကျွန်တော်အကြိုက်ဆုံးကတော့ "ဆိုးတဲ့အမေ" ဆိုတဲ့ ဝတ္ထုပါ။ သိပ်ချစ်စရာကောင်းလွန်းလှအောင် ဆိုးလွန်းလှတဲ့ အမေတစ်ယောက်ကို ဝတ္ထုထဲမှာ တွေ့လိုက်ရတဲ့အခါမှာ ဝတ္ထုထဲက အမေတစ်ယောက်သာမကဘဲ အပြင်က အမေများစွာကိုပါ ချစ်တဲ့စိတ်နဲ့လိုက်ပြီး ငေးမောမိတဲ့အထိ ဇေဦးယျာရဲ့ ဆိုးတဲ့အမေက စာဖတ်သူ ကျွန်တော့စိတ်ကို လွှမ်းမိုးခဲ့တာပါ။