Annotation
ငြိမ်းချမ်းမှုသည် လောကမြေပြင်မှ ပျောက်ကွယ်သွားချေပြီဟုကား မထင်ဝံ့။ ကိုယ်တစ်ဦးတစ်ယောက်တည်းထံမှ စွန့်ခွာသွားရက်ခြင်းဟုသာ ထင်မှတ်ကြေကွဲရသည်။ ဖြစ်ပျက်ခဲ့သမျှ အရာရာကို အကယ်စင်စစ်ဟု မတွေးမိ။ အိပ်မက်ဟူ၍ အောက်မေ့သည်။ အိပ်မက်တော့ အိပ်မက်။ ကံဆိုးမ၏ အိပ်မက် မလှမပ။