Annotation
စိတ်လှုပ်ရှားမှုသည် အမြင့်ဆုံးသို့ ရောက်လျက်ရှိသည်။ ပြေးလွှား၍နေ၏။ ဦးနှောက်ထဲတွင် အတွေးပေါင်းများစွာ ပြေးလွှား၍နေ၏။ ဘဝတစ်ဘဝ၏ အဆုံးအဖြတ်။ တစ်စုံတစ်ခုသော ကျေးဇူးတရား တင်ရှိဖူးသဖြင့် ပြုသောအပြုလည်း မဟုတ်။ ငွေကြေးဓန၊ အရှိန်အဝါ ကျော်ကြားမှု၊ ကိုယ့်အကျိုးကို မျှော်ကိုးကာ ပြုသောအပြုလည်း မဟုတ်။ မေတ္တာတရား ဧကန်စစ်စစ်ဖြစ်လျှင် ထိုသို့ပါပဲဟု ပြောရဲပြောနိုင်ပေပြီ။