Annotation
တစ်ခါတုန်းက ကျွန်မ ဒေါက်တာမြင့်ဖိနပ်နဲ့ လမ်းလျှောက်ရင်း ဖိနပ်ခွာတစ်ဖက် ပြုတ်ထွက်ခဲ့ဖူးတယ်။ ခွာမရှိတဲ့ ဖိနပ်တစ်ဖက်နဲ့ ခွာမရှိတဲ့ ဖိနပ်တစ်ဖက်ကို ပြိုင်တူစီးပြီးလျှောက်တော့ ညီသွားအောင် နိမ့်တဲ့ဘက်ကို ခြေဖျားထောက်ပြီး လျှောက်ရတယ်။ တစ်ဖက်က ခြေဖျားထောက်လိုက်လို့ ညီသွားတယ်လို့ထင်ရပေမယ့် အဲဒီလိုညီဖို့ ခြေဖျားထောက်ထားရတဲ့ ခြေထောက်ကလေးက အရမ်းပင်ပန်းနာကျင်ရတယ်။ ကျွန်မတစ်သက်လုံး ခြေဖျားထောက်ပြီး လမ်းမလျှောက်ချင်တော့ဘူး။