ကမ္ဘာ့ရန်သူ
Code
SKCC-305
ISBN
9789997110824
Title
ကမ္ဘာ့ရန်သူ
Category
Novel
Price
1,500 MMK
Publisher
Sake Ku Cho Cho Sar Pay

Annotation

စာရေးသူက ဂျာမနီပြည် နာဇီတွေနဲ့ပတ်သက်ပြီး အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ စာအုပ်တွေဖတ်ကာ ဇာတ်လမ်းဆင်ရေးသားတဲ့ စာအုပ်ဖြစ်ပါတယ်။ ရည်ရွယ်ချက် ၂ ခုထားရျိရာမှာ ပထမအချက်က နာဇီဝါဒ လွှမ်းမိုးစဥ်ကစပြီး ဂျာမနီပြည်မှာ ယနေ့တိုင် နာဇီဂိုဏ်းဝင်မဟုတ်တဲ့ ဂျာမန်အမျိုးသားတွေကို အမျိုးသားချင်းပင်ဖြစ်လင့်ကစား မည်မျှညှဥ်းပန်းနှိပ်စက်နေသည်ကို မြန်မာများ နားလည်စေချင်ပါတဲ့။ ဒုတိယအချက်ကတော့ လွတ်လပ်ရေးအတွက် မြန်မာလူမျိုးတွေဟာ သခင်ပြောင်းလိုတဲ့ကိစ္စမျိုးနဲ့ သူတစ်ပါးကို အားကိုးမျှော်မှန်းနေမယ့်အစား မိမိတို့ကိုယ်တိုင် ကိုယ့်ထူးကိုယ်ချွန်နဲ့ ကြိုးပမ်းအားထုတ်စေချင်ပါသတဲ့။ ဝတ္ထုပါ ဇာတ်ကောင်တွေဟာ ဂျာမနီနာဇီဝါဒကို ဘယ်လိုတော်လှန်၊ ခုခံကြမယ်ဆိုတဲ့စိတ်ကူးတွေနဲ့ ဂျာမနီနာဇီဆိုတာ မတော်လှန်လို့မဖြစ်တဲ့ ကမ္ဘာ့ရန်သူတွေဖြစ်ကြောင်း စာရေးသူက ရေးပြပါတယ်။ နာဇီမျက်ကန်းမျိုးချစ်ဝါဒကို ရွံမုန်းတော်လှန်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်နိုင်စွမ်းရှိတဲ့ စာအုပ်ပါ။

Keywords

Total View - 145

Related Books