Annotation
ကိုယ်လိုချင်သည့်အရာကို တိကျစွာသိ၍ လိုချင်တာကို ရအောင်ယူလေ့ရှိသော နန္ဒလို လူစားမျိုးထက် ကိုယ်လိုချင်သည့်အရာကိုသိသော်လည်း လိုချင်တာကို ရအောင်ယူဖို့ တွန့်ဆုတ်နှောင့်နှေးသော ဖြိုးလို လူစားမျိုးက ပို၍စိတ်ပင်ပန်းရလိမ့်မည်။ သို့သော် ကိုယ့်ဘာသာကိုယ် ဘာကိုလိုချင်မှန်း တိကျစွာမသိသော တင်တင်ဇော်လို လူစားမျိုးကိုတော့ မည်သူမျှ ကိုယ်ချင်းစာတတ်လိမ့်မည် မဟုတ်ပါ။