Annotation
မြန်မာစာပေလောကဝယ် ပြည်သူတို့၏ အငတ်ပြဿနာများ၊ ဆင်းရဲဒုက္ခများကို ရေးခြယ်ပြသည့် စာပေမျိုးကိုပြုစုသည့် စာရေးဆရာ ဘယ်နှစ်ယောက်ရှိပါသလဲ။ သည်လိုရှာလေ ရှားလေဖြစ်နေသည့်အခါတွင် ပြည်သူလူများစု၏ ကိစ္စအဝဝကို ရေးခြယ်သူ၊ ကားတစ်ချပ်အနေဖြင့် ရေးဆွဲပြသူကိုပင် တိုးတက်သည့် အယူအဆရှိသည်ဟု ခေါ်ရပေမည် . . . .