Annotation
"တို့ရှမ်းပြည်" စာအုပ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရှမ်းလူမျိုးတွေဟာ မြန်မာလူမျိုးတွေနဲ့ သီးခြားဖြစ်တည်နေတဲ့ လူမျိုးမဟုတ်။ ဒေသအရ ကွဲပြားမှုတွေကြောင့် ကွဲပြားခြားနားတဲ့ ဓလေ့စရိုက်တွေရှိပေမယ့် ဆက်နွှယ်နေတဲ့ လူမျိုးတွေဖြစ်တယ်လို့ အခိုင်အမာဆိုထားပါတယ်။ ပထမဆုံးရှမ်းတွေဟာ တရုတ်လူမျိုးမှ ဆင်းသက်လာခဲ့တယ်ဆိုတဲ့အချက်ကို ငြင်းဆိုထားပါတယ်။ ရှမ်းပြည်နယ်ရဲ့ ပထဝီအနေအထား၊ ယဥ်ကျေးမှုအစဥ်အလာ၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ ပညာရေး စသည်ဖြင့် ထောင့်စုံ၊ ဘက်စုံကနေ တင်ပြရေးသားထားပါတယ်။