Annotation
မန်းတင်သည် လူထုကို ခနဲ့ထားသည် မှန်၏။ ထို့ကြောင့် လူထုကလည်း မန်းတင်ကို ခဲနှင့်ပေါက်ချင်မည်မှာလည်း ဒိဌပင်ဖြစ်၏။ သို့သော် သူခနဲ့ထားသော စကားလုံးတိုင်း၌ လူထုအတွက် စေတနာကောင်းများ ကိန်းဝပ်နေသည်ကိုလည်း လူထုက မိမိ၏ မျက်ချေးတို့ကို ပွတ်ကြည့်လျှင် မြင်နိုင်ပေသည်။ သို့သော် "မန်းတင်" ၏ ထေ့လုံးများမှာ ပိဿလေးနှင့် ဘေးပစ်သကဲ့သို့ မဟုတ်ပါ။ ယဥ်ယဥ်လေးနှင့် ထိလှပါသည်။