Annotation
ခိုင်သည် ကိုကိုနှင့် ခါတိုင်းလို ပူးကပ်မှီနွဲ့မထိုင်တော့ဘဲ ဆိုဖာတစ်လုံးစီမှာ ထိုင်ရင်း သီးချင်းသံက လွမ်းမိုးလာသည်ကို ခံစားနေသည်။ အကြိမ်ပေါင်များစွာ နားထောင်ခဲ့ပြီဖြစ်၍ ပြင်းပြလှသော တီးလုံးတစ်ကွက် ပေါ်လာသည့်အခါ မျက်နှာကို လက်ဖြင့်အုပ်ဖို့မလိုတော့။ မျက်ရည်ကို တားဆီးဖို့ မလိုတော့။ ပိုမိုငြိမ်သက်ပြီးသာ နေဖို့လိုသည်။ ခိုင့်တစ်ကိုယ်လုံးသည် ဂီသသံဖြင့် ပြည်လျှံနေသလိုပင်။