ငယ်ဘဝကရေးခဲ့သော ဤဝတ္ထုအားလုံးမှာ ကျွန်မ၏ ငယ်အိမ်မက်များဖြစ်ပါသည်။ လှပခမ်းနားသော ဆွတ်ပျံ့ကြည်နူးဖွယ်သော ငယ်အိမ်မက်တို့သည်.... လက်တွေ့ဘ၀ ခရီးရှည်ကြီးကို ဖြတ်သန်းမိသောအခါ တစ်ဝက်တစ်ပျက်မျှ အဖတ်တင်သည်ကိုလည်းရှိ၊ တစ်မှုန်တစ်စမျှ အဖတ်တင်သည်လည်းရှိ၊ လုံးဝအရာမထင်သည်လည်းရှိ။