Annotation
ထိုညမှာ အဖြူသည် ဖေဖေနှင့်ပတ်သတ်သော အိပ်မက်သစ်တစ်ခု မက်သည်။ အိပ်မက်ထဲမှာ ဖေဖေသည် သံချွန်လို သေးမျှင်ခွန်ထက်သော လက်နက်တစ်ခုနှင့် အဖြူကို ထိုးဆွနေသည်။ ထူးဆန်းစွာပင် နာကျင်လှခြင်းမရှိ။ အဖြူသည် မသိချင်ယောင်ပင်ဆောင်နေသေး၏။ ဖေဖေ့ကို ခါတိုင်းလိုပင် ကြောက်ရွ့နေသည်။