Annotation
ထိုတစ်နေ့က ကျွန်တော်ကြည့်နေသည်ကို အဘိုးကြီးက မမြင်သော်လည်း အဘွားကြီးက မြင်သွားသည်။ အဘွားကြီးမှာ အဘိုးကြီးခင်းပေးသော ပုဆိုးစုတ်ခေါက်ကလေးပေါ် ပြန်ထိုင်ကာ အဘိုးကြီးကို မြတ်နိုင်းစွာကြည့်လိုက်သည်။ အဘိုးကြီးကလည်း သူရဲကောင်းတစ်ယောက်လိုပင် အဘွားကြီးကို ပြန်ကြည့်၏။ ကျွန်တော်ကတော့.....