Annotation
ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဖြစ်သည့် ကျွန်တော့်အဖို့ ကိုယ်စိတ်ချမ်းသာ၊ သာယာနိုင်ဖို့အတွက် ပိုင်ဆိုင်သမျှသော ဥစ္စာပစ္စည်းတို့အထဲတွင် အဲသည့် "မိသားစု"ဆိုသည့်အရာကလေးက အနှစ်ချုပ်ဟုထင်ပါသည်။ အမြုတေရတနာတစ်ပါး။ အဲသည့်မိသားစုကလေးကို ကျွန်တော့လက်နှင့် ထူထောင်ခဲ့တာပါ။ သို့သော် ယခု ၂၁ နှစ်ကြာပြီဖြစ်သော မိသားစုဘဝတွင် အဲသည့်မိသားစုနှင့် ကျွန်တော် အတူတကွနေရချိန် ၉ နှစ်သာရှိဖူးပါသည်။ ယခုလည်းမနေရသေးပါ။ ကျန်သည့်မိသားစု ကလေးတွေ၏ ဘဝကလေးတွေ လှတပတဖြစ်ဖို့ လုပ်ပေးရင်းက ကိုယ့်မိသားစုဘဝကို ပြန်ရင်းနှီးမြုှပ်နှံ့ခဲ့ရသည်။ သို့တိုင်အောင်ပင် နေရတုန်း၊ နေရခိုက်ကလေးမှာ သည်မိသားစုဘဝကလေး အရုပ်ဆိုးအကျည်းတန်သွားဖို့ မပြောနှင့်။ အလှလျော့သွားတာမျိုးပင် မရှိရလေအောင် ကျွန်တော်ကြိုးစားနိုင်ခဲ့ပါသည်။ အဲသလို ကြိုးစားရင်းက ရင်ထဲတွင်ဖြစ်လာသော ပြောချင်သည့် စကားတွေကိုလည်း အများသိအောင် ဝတ္ထုကလေးတွေ ရေးသားခဲ့ဖူးပါသည်။ အဲသည်ဝတ္ထုကို ၁၅ ပုဒ် ကို 'အမြုတေ ရတနာ' အမည်ဖြင့် စုစည်းတင်ပြလိုက်ပါတယ်။