Annotation
အချစ်ရှိမှ ဘဝတွေဟာ စိုပြေရသလို၊ မျှော်လင့်ခြင်းတွေရှိမှလည်း ဘဝဟာ ရှင်သန်လှုပ်ရှားနေမှာ ဖြစ်ပါတယ်။ မျှော်လင့်ခြင်းသာမရှိရင် ရေနဲ့ဝေးတဲ့ကြာပန်းလေးလို ဘဝမှာ အသက်ရှင်လျက်နဲ့ သေသွားသလိုမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ မျှော်လင့်ခြင်းသာရှိပြီး ကြိုးစားမှုမရှိရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။