Annotation
ရေစီးခက်ထန်တဲ့ မြစ်ပဲဖြစ်ဖြစ်၊ ကြမ်းတမ်းတဲ့ မြစ်ပဲဖြစ်ဖြစ်၊ တိမ်တဲ့ မြစ်ပဲဖြစ်ဖြစ်၊ နက်တဲ့ မြစ်ပဲဖြစ်ဖြစ် မြစ်ဟူသမျှဟာ ပင်လယ်ထဲကို စီးကြတာချည်းပဲ။ ပင်လယ်နဲ့တွေ့တဲ့အခါ ကြမ်းတမ်းတဲ့မြစ်တွေက နူးညံ့သွားကြတယ်။ ညင်သာတဲ့မြစ်တွေက ငြိမ်သက်သွားကြတယ်။ ဒါပေမယ့် လက်ခံရတဲ့ ပင်လယ်ကတော့ အမြဲတမ်း လှိုင်းတံပိုးတွေနဲ့လေ။