Annotation
လူ့လောကမှာ ကြမ္မာငင်မှုတွေရှိတယ်။ ခက်တာက လူတွေဟာ မာနကြီးတတ်ကြတယ်။ တလောကလုံး အနတ္တဖြစ်ရက်နဲ့ အတ္တလို့ထင်တတ်ကြတယ်။ အစိုးမရတဲ့ တရားတွေ ထင်ရှားပြနေလျက်က အစိုးတရ ထင်တတ်ကြတယ်။ ကြမ္မာငင်လာတော့မှ ငိုတတ်ကြတယ်။ ဒါပေမဲ့ ကြမ္မာဆိုတာဟာ ငိုခြင်းကိုလည်း မသိဘူး။ ရယ်ခြင်းကိုလည်း မသိဘူး။ ကြမ္မာဟာ စာမတတ်ပါဘူး သူငယ်ချင်း . . .