Annotation
မြစ်နှစ်သွယ်သည် တငြိမ့်ငြိမ့်စီးကာ ဧရာဝတီအား မွေးဖွားလာသည်ကို မြင်ရသည်။ မြစ်မသည်လည်း တငြိမ့်ငြိမ့်ပင် ဆက်ကာစီးသွားသည်။ သို့သော် အင်မတန်လှပသည့် နာမည်ကျော်သော မြင်ကွင်းများ အလှ ယိုယွင်းစပြုလာသည့်အတွက်တော့ အနာများကို ရင်ထဲထည့်လျက် သယ်ဆောင်သွားသည်ဟု ကျွန်မခံစားရပါသည်။