Annotation
နွေမှာ ပူပြင်းတဲ့နွေအပူချိန်ကို ခံခဲ့ရ။ မိုးတွင်းမှာ မိုးသက်လေပြင်းတွေ သဲသဲမဲမဲကျတဲ့ဒဏ်ကို ခံစားပြီးခါစ မိုးအကြွင်းအကျန် ရေစက်ကလေးတွေမှာ ကျခါစ နှင်းက ဝင်ဆွတ်တာ၊ နှင်းဆွတ်ရည် မဟုတ်၊ နှင်းဆွတ် . . . ရေ တဲ့။ အေးချမ်းတော့မယ့်နိမိတ် ဆိုတဲ့သဘောပေါ့ . . .