Annotation
ဤလောကတွင် မုန်းစရာအကောင်းဆုံးမှာ ကိုယ်မသိသောကိစ္စကို ဝင်ဝင်ပြောသူများ ဖြစ်၏။ လောကနာသည်။ မကြည်ပြာကို ကျွန်တော် ချစ်နေကြောင်း ကျွန်တော်သိသည်။ အခြားဘယ်သူသိဖို့ လိုအပ်ပါသလဲ။ မကြည်ပြာ မင်းသိဖို့ မလိုအပ်ပါ။ အဘယ်ကြောင့်ဆိုသော် အချစ်သည် ရင်ထဲက မမြင်ရသော၊ ကာရန်မပါသော၊ စကားလုံးများမပါသော၊ အလင်္ကာများ၊ နိမိတ်ပုံများ၊ ရစ်သမ်များသာ၍ပင်မပါသော ကဗျာတစ်ပုဒ်ဖြစ်၏။