အင်းလျားရေပြင်၌ ကြယ်များသည် လိုက်တမ်းပြေးတမ်း ကစားနေကြသည်။ ပေါ်လိုက်ပျောက်လိုက်၊ ဟိုနေရာက တဖျပ်ဖျပ်၊ သည်နေရာက တဖျပ်ဖျပ်၊ ရွက်မျှင်ကျိုးကျဲ စိန်ပန်းပင်များသည် ကြယ်ပြောက် ပြိုးပြောက်များနှင့်ရောက ဇာပေါက်ပဝါလို တလွှင့်လွှင့် နောက်တွင် ကျန်ရစ်ခဲ့ကြသည် . . .