Annotation
ကျွန်မသည် လမ်းတွေထဲမှာ လျှောက်သွားနေခဲ့ပါ၏။ စိုးရိမ်စိတ်တွေ၊ ဒေါသစိတ်တွေ အေးငြိမ်းသွားအောင်၊ စိတ်ကူးနိမိတ်ပုံတွေ ပျောက်ပျက်သွားအောင် လုပ်လေ့ရှိသည့်အတိုင်း လျှောက်သွားနေခြင်းဖြစ်ပါ၏။ ကျွန်မသည် အသက်နှစ်ဆယ်အရွယ် မဟုတ်တော့။ ငါးဆယ်အရွယ်ပင် မကတော့။ ဇရာသည် ကျွန်မအား အလွန်လျင်မြန်စွာပင် အုပ်စိုးသွားခဲ့ပါသည်။ ကျွန်မ ကဖီးဆိုင်ထဲဝင်ပြီး ဝိုင်တစ်ခွက်သောက်သည်။ နီယွန်မီးရောင်၏ရက်စက်သော လင်းလက်မှုတွင် ကျွန်မမျက်လုံးများ နာကျင်လာသည်။