Annotation
အလွန် ချစ်စဖွယ်ကောင်း၍ လှပသော ကလောင်အမည်ဖြစ်၍ တချို့ စာရေးဆရာများသည် ဤကဲ့သို့သော ကလောင်အမည်ကို မယူမိခဲ့သည်ကိုပင် ဝမ်းနည်းကြေကွဲမိ၏။ သူတို့ကိုယ်သူတို့ အပြစ်တင်မိ၏။ ဘဒ္ဒနုဝတီအကြောင်း တဖြည်းဖြည်း သိလာကြသည်ကတော့ ဘဒ္ဒနုဝတီသည် အမျိုးသမီးစာရေးဆရာ ဖြစ်သည်သာမက အပျိုကြီးတစ်ယောက်ဖြစ်သည်ကို သိရှိလာကြသည်။ ဘဒ္ဒနုဝတီအပေါ် အလွန်စိတ်ဝင်စားသူကတော့ . . .