Annotation
သစ်ပင်တွေကြားမှမြင်ရ၍ ဘွဲ့နှင်းသဘင်အဆောက်အဦသည် မျက်လုံးထဲ၌ မပီ။ မျက်လုံးမခွာ။ ငေးငေးစိုက်စိုက်ကြည့်နေသည်။ အိုမင်းသော အဆင်းဖြင့် တည်ငြိမ်စွာရှိသည်။ ပိတ်ထားသော သံတံခါးများကို မြင်သည်။ ပျပျမျှသော အလင်းအောက်တွင် ပတ်ဝန်းကျင်သည် အသံမဲ့စွာ ဖြတ်သန်းသွားလာသူမဲ့စွာ ရှိနေ၏။ ကြိမ်ဖန်များစွာ မြင်တွေ့နေကျ ထိုအဆောက်အဦသည် စိတ်နှလုံးကို ယနေ့ ယခုအခါလောက် ယူကျုံးတားနိုင်ခြင်းမရှိခဲ့။