ရိုးမပေါ်မှာ ကျတဲ့ မျက်ရည်
Code
MKC-001
ISBN
9724200805678
Title
ရိုးမပေါ်မှာ ကျတဲ့ မျက်ရည်
Author
Category
Novel
Price
5,000 MMK
Publisher
Mauk Kha Sarpay

Annotation

ဤဝတ္ထုတွင် ဆရာတင်မောင်ဝင်းကို သူခိုင်းလက်ခံအဖြစ် သစ်တောဝန်ထောက် ကိုအောင်လွင်က ဖမ်းသည့်အခန်းသည် ဝတ္ထု၏ အကောင်းဆုံးဇာတ်ဝင်ခန်းအဖြစ် ရင်ထဲစွဲကျန်ရစ်ခဲ့သည်။ ဆရာတင်မောင်ဝင်းကို ဖမ်းခေါ်သွားမှာစိုး၍ မော်တော်ကို ရေထဲဆင်းကိုင်ထားသည့် ကိုတိုး၊ မော်တော်ထွက်သွားတော့ ခါးတစ်ဝက်ရေထဲတွင် ငိုင်ပြီးကျန်ခဲ့သော ကိုတိုးကိုတွေ့တော့ ဆရာတင်မောင်ဝင်းအပေါ်ထားသည့် ကိုတိုး၏ သံယောဇဥ်စိတ်မှ ပေါက်ဖွားလာသော ချစ်ခင်တွယ်တာစိတ်ကို ထုနှင့်ထည်နှင့် ကျွန်တော်တွေ့လိုက်ရသည်။ ဤပြကွက်နှင့် ကိုတိုး၏ မေတ္တာပြရုပ်ကို စာရေးသူက အကောင်းဆုံးပုံဖော်သွားနိုင်ခဲ့သည်ဟု ချီးကျူးရမှာဖြစ်သည်။ ကိုတိုးသည် ဤဝတ္ထုတွင် ဤပြကွက်တစ်ကွက်တည်းနှင့် အားလုံးကို ကျော်တက်သွားသော ဇာတ်ကောင်ဖြစ်သည်။

Keywords

Total View - 1120

Related Books