Annotation
ကျွန်မတို့ လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ ဆင်းရဲမွဲတေတဲ့လူတိုင်းဟာ ပြည့်တန်ဆာလုပ်ပြီးပဲ အသက်မွေးရမယ်လို့ ပြောချင်တာမဟုတ်သလို ကြိုးစားခွင့်ဆိုတဲ့ အခွင့်အရေးဟာ လူတန်းစားတိုင်းရနိုင်တဲ့ ကိစ္စမဟုတ်ဘူးလို့ ဆိုလိုချင်တယ်။ ဝတ္ထုထဲက ဇာတ်ကောင်အမျိုးသမီးရဲ့ လုပ်ရပ်ကမှန်သလား။ မှားသလားဆိုတာ အယူခံဝင်ပေးနေတာမဟုတ်ဘူး။ ဒါပေမယ့် လူဆိုတာ ဘယ်သူ့အကြောင်းကိုမှ သေသေချာချာသိနိုင်တာမဟုတ်ဘူးလေ။ အဲဒီလိုမသိနိုင်ဘဲ ကျွန်မတို့ဟာ ကိုယ်ဆွဲတဲ့ကောက်ချက်တွေနဲ့ ကိုယ့်ဘာသာ တစ်ဖက်သတ်စီရင်ချက်တွေချနေရင် တရားပါ့မလား။