Annotation
ပန်းနှင့်တူသော တက်ကြွသည့် လူငယ်တွေနှင့် ဒေါင်းနှင့်တူသော တည်ငြိမ်သည့် လူကြီးတွေ မျိုးဆက်နှစ်ခု၏ ပေါင်းစပ်မှုအား ယခုတော့ ဒေါင်းက မရှိတော့ဘူး။ ပန်းကရှိရင်းစွဲ တက်ကြွနိုးကြားမှုအပြင် ဒေါင်းဆီက အမွေရလိုက်သော ရင့်ကျက်မှုတွေပါ ပေါင်းစပ်ကာ အားမာန်အပြည့်ချီတက်နေကြဆဲ။ တစ်နေ့တော ဒီလူငယ်တွေ ဒေါင်းဖြစ်လာကြဦးမည်။ ပန်းအသစ်တွေလည်း ဖူးပွင့်လာကြဦးမည်။ ပန်းတို့၏ အားမာန် ဘယ်တော့မှ ညှိုးနွမ်းစရာမရှိ။